ပြည် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက "မိုဘိုင်ဖုန်းဖြင့်သတင်းဗီဒီယိုတည်းဖြတ်နည်းသင်တန်း"ဖွင့်လှစ်ရာ ပြည်ခရိုင်ခြောက်မြို့နယ်မှ မြို့နယ်ပြန်/ဆက်ဦးစီးမှူးများနှင့် သတင်းလုပ်ငန်းဆောင်ရွက်သည့်ဝန်ထမ်းများ တက်ရောက်သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်ရွှေဝါဖူးက "ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးများအလိုက် ဆောင်ရွက်နေသော ဒေသတွင်းသတင်းလုပ်ငန်းများ စီးဆင်းမှုမှန်ကန်မြန်ဆန်ရေး၊ လုပ်ငန်းကျွမ်းကျင်မှုရှိပြီး အရည်အသွေးရှိသောသတင်းဗီဒီယိုများ ပိုမိုတိုးမြှင့်ပေးပို့တင်ပြနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း" တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၁၂)ဦးအား ပြောကြားသည်။
ထို့နောက် သင်တန်းတွင် မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ်နည်းအဆင့်ဆင့်နှင့် အရုပ်ဖိုင်၊ အသံဖိုင်များအား Software အသုံးပြု၍ ကိုယ်ပိုင်တီထွင်ကြံဆ လက်တွေ့ပြုလုပ်နည်းတို့ကို ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂)ဝန်ထမ်းနှစ်ဦးက မျှဝေဆွေးနွေးခဲ့ကြပြီး အဆိုပါသင်တန်းကို ဇွန် ၂၇ မှ ၂၈ ရက်နေ့အထိ နှစ်ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ကိုဆက် (ပြန်/ဆက်)