မြေပုံမြို့နယ်၌ မိုးရာသီ ဒီရေတောသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

မြေပုံ ဇွန် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ ဒီရေတောသစ်ပင် တအုပ်တမ စိုက်ပျိုးပွဲ‌တော်ကို ယမန်နေ့က မြေပုံမြို့နယ်၊ အငူကျေးရွာ၊ အငူကမ်းခြေ ICM စီမံချက်အရ  မိုးရာသီ ဒီရေတောသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်မှ မြေပုံမြို့ အမှတ်(၃)စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးမျိုးညွန့်ဦးသို့ ပျိုးပင်များပေးအပ်ခြင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ မြို့နယ်ရဲတပ်ဖွဲ့ မှူးသို့ ပျိုးပင်များပေးအပ်ခဲ့ပြီး ICM စီမံချက်အရ မိုးရာသီဒီရေတော သစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာ‌သော ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်က‌လေး‌စောင့်ရှောက်ရေးအသင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့်‌ ဒေသခံပြည်သူများက တပျော်တပါးစိုက်‌ပျိုးကြောင်း သိရသည်။

ဆက်လက်၍ မိုးရာသီ ICM စီမံချက်အရ ဒီရေတောသစ်ပင်စိုက်‌ပျိုးပွဲတော်၏ ပျိုးပင်များမှာ ဗြူး ခြေထောက်ပင်(၅၀၀)ပင်၊ ဗြူးအုပ်ဆောင်းပင် (၃၀၀)ပင်နှင့် ဗြူး‌ရွှေဝါပင် (၂၀၀)ပင် စုစုပေါင်း (၁၀၀၀)ပင်တို့ကို အင်အား(၂၅၀)ဦးတို့က စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)