ကြံခင်း ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးတို့တွင် ပြည်သူများလက်ဝယ်အရောက်(အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်သည် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပြီး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်နှင့်ဝန်ထမ်းများက ပြည်သူများ မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များအားသိရှိစေရန် ဖြန့်ဝေပေးခြင်းဖြစ်ပြီး အသိပညာပေးလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂) ၌ပြောကြားသည့်အမှာစကားမှ ကောက်နှုတ်ချက်ဖြစ်သော"ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်လျက်ရှိ”မိန့်ခွန်း၊ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုး တက်ရေးဆောင်းပါး၊ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျုဟာ(၂)ရပ်၊ နည်းဗျုဟာ(၃)ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မင်းသန်းနိုင်(မုဒုံ)ရေးသားသော "ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်"ကဗျာနှင့်ကာတွန်းစတဲ့ အချက်များအား အသိပညာပေးဖော်ပြထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)