တောင်ငူ၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန် ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ ၂၈၈ ဦးရှိ

တောင်ငူ ဇွန် ၁၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို ယနေ့ နံနက် ၆ နာရီမှ စတင်၍ တောင်ငူမြို့နယ် ပညာရေးမှူးရုံးနှင့် စာစစ်ဌာန ၁၉ ခုတွင် တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာခဲ့ရာ စာမေးပွဲအောင်မြင်သူ ၇၉၉ ဦးအနက် ဂုဏ်ထူးရှင် ကျောင်းသား၊ ကျောင်းသူ ၂၈၈ ဦးရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို တောင်ငူမြို့နယ်အတွင်း စာ​ဖြေဌာန ၁၉ ခုဖြင့် ကျင်းပခဲ့ရာ ဖြေဆိုသူ ၁၉၅၉ ဦးအနက် ဖြေဆိုအောင်မြင်သူ  ၇၉၉ ဦး ရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းအရ ၄၀ ဒသမ ၇၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အဆိုပါ အောင်မြင်သူ ၇၉၉ ဦးအနက် ငါးဘာသာ ဂုဏ်ထူးရှင် ၂ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၄ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၂၄၇ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၂၈၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက်