အုတ်တွင်း ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့်စာရင်းများကို ယနေ့ နံနက်ပိုင်း၌ မြို့နယ်ရှိ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို ၂၀၂၂ခုနှစ်၊ မတ်လ (၃၁) ရက်မှ ဧပြီလ (၉) ရက်နေ့ အထိဖြေဆိုခဲ့ပြီး အုတ်တွင်းမြို့နယ် စာစစ်ဌာန (၆) ခုရှိရာ၊ အ.ထ.က (အုတ်တွင်း)၊ အ.ထ.က (တပ်နယ်)၊ အ.ထ.က (ကျွဲပွဲ)၊ အ.ထ.က (ညောင်ခြေထောက်)၊ အ.ထ.က (ထန်းကုန်း)၊ အ.ထ.က (ဗောဓိကုန်း)စာစစ်ဌာနအသီးသီးတွင် စာမေးပွဲဖြေဆိုသူကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၁၂၅၄) ဦးရှိပြီး ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ (၁၀၇၈)ရှိရာ စာမေးပွဲအောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၅) ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၈) ဦး၊တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၅၂)ဦး၊ ရိုးရိုးအောင်မြင်သူ (၂၇၁)ဦး၊ စုစုပေါင်းဖြေဆို အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ (၄၃၆)ဦး၊ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်းမှာ ၄၀ ဒဿမ ၄၅ ရာခိုင်နှုန်းရှိပါကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်ထံမှ သိရ သည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဌာန၏ website များတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ထုတ်ပြန်လျက်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိမြို့နယ် အသီးသီးမှစာစစ်ဌာနရှိ ကျောင်းများတွင်လည်း နံနက် (၆) နာရီမှ စတင်ကာ အောင်စာရင်းများ ထုတ်ပြန်ကြေညာပေးလျက်ရှိပါကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)