ချောင်းဦး ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၆ နာရီ အချိန်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။
ချောင်းဦး အထက ကျောင်းဝင်းအတွင်းရှိ ကြေညာဘုတ်တွင် နံနက် ၆ နာရီအချိန် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း စတင်ကပ်ထားချိန်မှစ၍ စာမေးပွဲဝင် ရောက်ဖြေဆိုထားကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင် စာမေးပွဲသို့ ဝင်ရောက် ဖြေဆိုသူ ၅၁ ဦး၊ ပြင်ပဖြေဆိုသူ ၃၅ ဦး၊ စုစုပေါင်း ၈၆ ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ ၄၀ ဦး၊ အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၄၆.၅၁ ရာခိုင်နှုန်း ရှိကြောင်း၊ ဂုဏ်ထူး ၂ဘာသာပါသူ ၂ ဦး၊ ၁ ဘာသာပါသူ ၈ ဦး၊ စုစုပေါင်း ဂုဏ်ထူးရရှိသူ ၁၀ ဦး ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းမြင့်အောင် (ပြန်ဆက်)