ကျွန်းလှ ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ၅၆ ဒသမ ၅ ရာခိုင်နှုန်း အောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဝင်ခွင့်လျှောက်ထားသူ ၂၇၂ ဦး၊ ဖြေဆိုသူ ၂၄၆ ဦးဖြစ်ပြီး၊ အောင်မြင်သူ ကျား ၅၄ ဦး၊ မ ၈၅ ဦး၊ စုစုပေါင်း ၁၃၉ ဦး အောင်မြင်ကြောင်း၊ ခြောက်ဘာသာတစ်ဦး၊ ငါးဘာသာတစ်ဦး၊ သုံးဘာသာ ၁၃ ဦး၊ နှစ်ဘာသာ ၂၉ ဦး၊ တစ်ဘာသာ ၄၀ ဦး ဂုဏ်ထူးဖြင့် အောင်မြင်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ