မော်လိုက် ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း များကို ယနေ့ နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံး၊ မော်လိုက်(အထက)နှင့် ကင်းတပ်(အထက)ကျောင်းများ၌ ထုတ်ပြန်ကြေညာဖွင့်လှစ်ခဲ့ရာ ယမန်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။
မော်လိုက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၄၄၅ ဦးရှိခဲ့ရာ အောင်မြင်သူ ၂၁၆ ဦး ရှိခဲ့ကြောင်း၊ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် ကျောင်းတွင်းဖြေ ၄၉ ဒသမ ၃၉ ရာခိုင်နှုန်း၊ အလွတ်ဖြေ ၄၆ ဒသမ ၂၂ ရာခိုင်နှုန်း ရှိကြောင်း၊ ဂုဏ်ထူးရရှိမှုမှာ တစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၀ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၄ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၂ ဦး၊ စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၁၀၂ ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ရာခိုင်နှုန်းမှာ ၃၅ ဒသမ ၅၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၅၄ ရာခိုင်နှုန်း ရရှိခဲ့သဖြင့် ယမန်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးလာကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။
မော်လိုက်သားလေး