နတ်မောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်နိုင်ငံရေးပါတီများတွေ့ဆုံပွဲကျင်းပ

နတ်မောက်   စက်တင်ဘာ  ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများတွေ့ ဆုံပွဲကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ  ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်လွင်က ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်ဟေမာလှိုင်က မဲရုံ ကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသော ပါတီကိုယ်စားလှယ်များမှ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

လှဝင်း(နတ်မောက်)