ပေါင်းတည် ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာအောင်သင်းရေးသားထားသည့် "အားနေသောလက်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်အေးအေးဆင့်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် လူငယ်များ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် ဖတ်ရှုသည့်အသက်အရွယ်အလိုက် စာပေဗဟုသုတတိုးပွားရရှိပြီး အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာပေဝါသနာရှင်များက "အားနေသောလက်များ" စာအုပ်မှ မှတ်ဉာဏ်အရွယ်မလွန်မီ နားအေးပါးအေးနှင့်အားနေသောလက်များ စာစုပါအကြောင်းအရာများကို ဖတ်ရှုဆွေးနွေးကြပြီး ၄င်းတို့၏ အတွေးအမြင်များကို ပြန်လည်မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးဆင့် (ပြန်/ဆက်)