ဘူးသီးတောင်မြို့၌ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုပေးခြင်း အစီအစဉ်ဖြင့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး

ဘူးသီးတောင် ဇွန် ၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်နှင့် ဝန်ထမ်းများမှ ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှု မြှင့်တင်သည့်အနေဖြင့် ယမန်နေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)ရပ်ကွက်တို့၌ စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခဲ့ ကြောင်း သိရသည်။

 အဆိုပါကွင်းဆင်းငှားရမ်းပေးရာတွင် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သုတ၊ ရသ စာအုပ်၊ စာစောင်      (၇၅)အုပ်စာဖတ်သူများ အကြိုက်ဝန်ဆောင်မှုပေးသည့် အစီအစဉ်ဖြင့် စာဖတ်သူလက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

လှကျော်