ကြံခင်း ဇွန် ၁
၂၀၂၂-၂၀၂၃ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမိုးနေကြာမျိုးစေ့ထုတ် စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ ဧရာဦးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုနှစ် ဆီထွက်သီးနှံမိုးနေကြာစိုက်ပျိုးရာမှာ စိုက်ပျိုးရေးနည်းစနစ် မှန်ကန်မှုရှိရေး သဘာဝမြေဩဇာနှင့်သွင်းအားစုများ အချိုးကျအသုံးပြုပြီး စိုက်ခင်းအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ခြင်းဖြင့် တောင်သူများဝင်ငွေတိုးတတ်မှာဖြစ်ပြီး၊ စိုက်ပျိုးရေးကဏ္ဍမှာလဲ ဖွံဖြိုးတိုးတတ်လာမှာ ဖြစ်ကြောင်းရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးစတိုင်းသာယာမှ မိုးနေကြာမျိုးစေ့ထုတ် စိုက်ဧက(၁၀၀၀)စိုက်ပျိုးမည့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး၊ စိုက်ပျိုးမှုပြည့်မှီကျော်လွန်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးအတွက် ရှင်းလင်းဆွေးနွေးပြောကြားပါသည်။
ထိုနောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊. မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစတိုင်းသာယာနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ကြံခင်းမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံ မိုးနေကြာမျိုးစေ့ထုတ်ဧက (၁၀၀၀)စိုက်ပျိုးမည့် တောင်သူများလက်ဝယ်သို့ မျိုးစေ့နှင့် သွင်းအားစု(သဘာဝဓာတ်မြေဩဇာ)များအား ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)