ရေပြင်ရှာ​ဖွေကယ်ဆယ်​ရေး WATER RESCUE ROBOT စမ်းသပ်​မောင်းနှင်

ချောက် ဇွန်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ယမန်​နေ့ည​နေ နာရီခွဲအချိန်က အမှတ်(၁၄)ရပ်ကွက် ​အ​နော်ရထာ ဧရာဝတီမြစ်ကူးတံတားထိပ် ရေဆိပ်တွင် ​ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ရေပြင်ရှာ​ဖွေကယ်ဆယ်​ရေး WATER RESCUE ROBOT ​​စမ်းသပ်​မောင်းနှင်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စမ်းသပ်​မောင်းနှင်ခြင်းကို မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်း၏ လမ်းညွှန်မှုဖြင့် ဒုတိယ မြို့နယ်မီးသတ််ဦးစီးမှူး ဦးဇင်မျိုးသန့် ဦးဆောင်ကြီးကြပ်သည့် သန္ဓေတပ်ဖွဲ့ဝင် များသည် WATER RESCUE ROBOT အား ရေပြင်တွင် အမျိုးမျိုး စမ်းသပ်မောင်းနှင်ခြင်း၊ လူမပါဘဲ Remote ဖြင့် စမ်းသပ်​မောင်းနှင်ခြင်း၊ အ​နှေး၊ အမြန်​မောင်းနှင်ကြည့်ခြင်းနှင့် ​ရေပြင်ရှာ​ဖွေကယ်ဆယ်​ရေးတွင် အသုံးပြုနိုင်ရန် စမ်းသပ်လေကျင့်ခဲ့ကြသည်။

အဆိုပါ WATER RESCUE ROBOT မှာ လျှပ်စစ်အား အပြည့်သွင်းလျှင် အချိန် နာရီကြာ သုံးစွဲနိုင်သည် ၎င်းနှင့် တွဲဖက်သုံးစွဲမည့် တ္ထရီအိုး၊​ ရေယက်ပန်ကာ(၂)လုံး ပါရှိသည့် တရုတ်နိုင်ငံထုတ် စက်ပစ္စည်းဖြစ်သည်။

WATER RESCUE ROBOT များကို ရေပြင်ကယ်ဆယ်​ရေး နစ်မြုပ်မှုများဆီသို့ လည်း​ကောင်း၊​ ရေနစ်နေသူဆီသို့ အမြန်ဆုံး ကယ်ဆယ်​ရေး လုပ်​ဆောင်ရန်တို့၌ လည်း​ကောင်း အသုံးပြုနိုင်ရေး စမ်းသပ်​မောင်းနှင်ခဲ့ပြီး မိမိလိုအပ်သည့် အမြန်နှုန်းဖြင့်​ ထိန်းချုပ်မောင်းနှင်နိုင်​ကြောင်း မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ကျော်မိုး(ပြန်/ဆက်)