ပန်းတောင်း ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က (ပန်းတောင်း)မဥ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်မြန်မာသီချင်းဖြင့် ဖွင့်ပွဲပြုလုပ်ဖျော်ဖြေပြီး၊ ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရကအဖွင့်အမှာ စကားပြောကြားပြီး ပန်းတောင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နိုင်ရေးနှင့် ပတ်သက်ပြီးဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြား၍၊ နိုင်ငံတော်မှပေးအပ်သည့် အခမဲ့ထောက်ပံ့သော ပုံနှိပ်စာအုပ်များကို ပညာရေးဝန်ကြီးဌာနကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ အထကပန်းတောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမူ၊ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသိန်းဒန်မှ အမကလွန်(ဝန်လို) ကျောင်းအုပ်ဆရာမကြီး ဒေါ်မာသီထွဏ်းတို့မှ လက်ခံရရှိပြီး၊ ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေဆောင်ရွက်ခဲ့ကြောင်း သိရသည်။ တက်ရောက်သူ ဆရာ / ဆရာမ၊ ဌာနနှင့် ကျောင်းသားဦးရေ ၉၀ ဦး တက်ရောက်ခဲ့ပြီး ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ မှ ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)