မြေပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံပေး

မြေပုံ   မေ  ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၆ ရက် နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိ‌ကြောင်းသိရသည်။

 မြေပုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာဆရာမများမှ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။

မြေပုံမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၆)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၂၀)ကျောင်း၊ အလယ်တန်းကျောင်း(၁၃)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း(၂၇)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၇)ကျောင်း၊ မူလတန်းကျောင်း(၆၃)ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း(၇)ကျောင်း စုစုပေါင်း(၁၇၃)ကျောင်းတို့တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင် ရွက်ပေးလျက်ရှိကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ခိုင်မိုးမင်း(ပြန်/ဆက်)