ငရုတ်ကောင်း မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်နှံခြင်းကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန်လ ၁ ရက်နေ့အထိဖြစ်ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံစေရေးအတွက် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းများ စတင်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့လာရောက်အပ်နှံရာတွင် သက်ဆိုင်ရာ အတန်းများအလိုက် ဆရာ၊ ဆရာမများက ကျောင်းအပ်နှံခြင်း လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်း(ပြန်/ဆက်)