သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

သာပေါင်း မေ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)၊ သော်ကဆောင် အစည်းအဝေးခန်းမ၌ ကျင်ပခဲ့သည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ခိုင်စိုးနှင့် အဖွဲ့ဝင်() ဗိုလ်မှူးအောင်ကျော်သိန်းတို့က မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၂၄၀)၊ ဘုန်းတော်ကြီးပညာသင်ကျောင်း ()ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း()တို့တွင် ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ပညာခေတ်တွင် ဆရာ၊မိဘ၊ကျောင်းသားတို့တူညီပူးပေါင်းစပ်ပြီး ပညာရည်ပြည့်ဝသော ပညာတတ် အသိုင်းအဝိုင်း ကြီးမားကျယ်ပြန့်လာစေရေး အားတတ်သရော ကြိုးစားလုပ်ဆောင်ကြရန် အလေးထားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်သက်နိုင်မှ ပညာရေးရည်မှန်းချက်များဖြစ်သော () ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ခွင့်ရရှိစေရန်၊ () KG+9 အလယ်တန်းဆင့် သင်ယူတတ်မြောက်စေရန် ရည်မှန်းချက်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးကို မေလ ၂၆ ရက်နေ့မှဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ဇွန်လ ၂ ရက်နေ့တွင် ကျောင်းတတ်ကြရမည်ဖြစ်ပြီး၊ အခမဲ့ ကျောင်းအပ်လက်ခံစနစ်ဖြင့် ကျောင်းသားတိုင်း တစ်ဦးလျင် ကျောင်းဝတ်စုံ()စုံ၊ သင်ရိုးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များပါ ထုတ်ပေးလျက်ရှိပြီး၂၀၁၂-၂၀၁၃ ခုနှစ်မှစတင်၍ ဝေးလံခက်ခဲ/ပုံမှန်ခက်ခဲ ကျောင်းသား၊ ကျောင်းသူတို့အား အထက်တန်းဆင့် (၁၀၀၀၀)ကျပ်၊ အလယ်တန်းဆင့် (၈၀၀၀)၊ မူလတန်းဆင့် (၅၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ပြီး သင်ယူမှု အခွင့်အရေးမဆုံးရှုံးရရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း အကျယ်တဝင့် တတ်ရောက်လာကြသော ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်မိခင်နှင့်ကလေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ငြိမ်ငြိမ်းစိုးတို့က ကျောင်းသုံးပစ္စည်းများကို ကျောင်းသား၊ ကျောင်းသူကလေးများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်