ရွှေသောင်ယံ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ ညနေ (၃)နာရီထိ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းအပ်နှံရေးတွင် ရှေးဦးစွာကျောင်း အုပ်ဆရာမကြီးမှ ကျောင်းအပ်နှံရန် ရောက်ရှိလာကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအား အမှားစကား ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာ အတန်းလိုက် ကျောင်းသား၊ ကျောင်းသူများအား ဆရာ၊ ဆရာမများမှ ကျောင်းအပ်လက်ခံပေးခဲ့ကြသည်။
ထိုသို့ ကျောင်းအပ်နှံရေးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းလုံခြုံရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဝိုင်းဝန်းစောင့်ရှောက် ပေးလျက်ရှိသည်ကို တွေ့ရသည်။
ကိုကိုမောင်(ပြန်/ဆက်)