ကလေးမြို့တွင် အခြေခံစစ်တုရင် ကစားနည်းသင်တန်းနှင့်ပြိုင်ပွဲကျင်းပ

ကလေး မေ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခြေခံစစ်တုရင်ကစားနည်းသင်တန်းနှင့်ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က သင်တန်းဆရာ ဦးဖိုးညီမှ ဦးဆောင်သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွောလ်ဆွင်းဗန်က သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသား (၈) ဦးကို အုပ်စု (၂) အုပ်စုခွဲ၍ ပြိုင်ပွဲကျင်းပရာ ပထမရရှိသော သင်တန်းသား ဦးမောင်မောင်လွင်အား သင်တန်းဆရာ ဦးဖိုးညီမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် စာပေချစ်မြတ်နိုးသူများဖြင့် အသိပညာပေး ဆွေးနွေးပွဲများ၊ ကလေးများဆိုင်ရာ စွမ်းရည်ပြပြိုင်ပွဲများကို အပတ်စဉ် ကျင်းပလျက်ရှိကြောင်းသိရသည်။

ကလေးခရိုင်(ပြန်/ဆက်)