လပွတ္တာမြို့၌ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြှုပ်နှံခြင်း အခမ်းအနားကျင်းပ

လပွတ္တာ မေ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂ ခုနှစ် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြှုပ်နှံခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က အောက်ချောင်းကျေးရွာအုပ်စု ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာမှ ဧက(၁၀ဝ) အား တင်း ၁၀၀ ထွက်ရှိရေးကို တောင်သူ ဦးထွန်းလင်း၏ လယ်မြေ၌ သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြှုပ်နှံပေးရခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးအောင်က ရှင်းလင်းပြောကြားရာတွင် မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးခြင်း၊ သစ်ဆွေးဓာတ်ကိုလည်း တိုးတတ်စေကာ မြေသားဖွဲ့စည်းမှုကိုလည်း တိုးတက်ကောင်းမွန်စေခြင်း၊ မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေဆီမြေလွှာများ ပျက်စီးမှုကို ကာကွယ်ပေးခြင်း၊ မြေဆီအရည်အသွေး တိုးတတ်စေခြင်းစသည့် အကြောင်းအရာများနှင့် ပိုက်ဆံလျှော်၏ အပင်သက်တမ်းအလိုက် မြေဆီလွှာအတွင်းသို့ ဖြည့်ဆည်းပေးနိုင်မည့် အာဟာရဓာတ်ထယ်ထိုးသည် အပင်ရက်သား ၄ ၊ ၅ ရက်အား နိုက်ထရိုဂျင် ၈၆% ၊ ဖော့စ်ဖရပ်စ် ၁၁% နှင့် ပိုတက်ရှ် ၄၈% ရရှိမှုဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြှုပ်နှံခြင်း အခမ်းအနားကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တောင်သူ (၅၁)ဦး တတ်ရောက်ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)