ဟင်္သာတ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အသင့်စုဖွဲ့ထားရှိမူအား ယမန်နေ့ ညနေ ၄ နာရီ အချိန်က ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရူအားပေးကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
ဟင်္သာတ မြို့နယ်အတွင်း မိုးကြိုကာလတွင် ကျရောက်တတ်သော လေပြင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်စွာရွာသွန်းမူများ၊ မုန်တိုင်းအန္တရာယ်များ၊ ရေကြီးရေလျှံမူများနှင့် အခြားသဘာဝ ဘေးများ ကြုံတွေ့လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ အမြန်ဆုံး ကူညီဆောင်ရွက်နိုင်ရေးအတွက် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးစိုးနောင်၏ အနီးကပ်ကြီးကြပ်မူနှင့်အတူ ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့ပြင်ဆင်ထားခြင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဖိုက်ဘာလှေ၊ ရာဘာလေသွင်းလှေ၊ BASET၊ မီးခိုးထုတ်စက်၊ Life Jacket၊ Such Light၊ Chain Saw စတဲ့ပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားခြင်းအား အသင့်ဖြစ်အောင် အမြဲလေ့ကျင့်၊ ပြင်ဆင်ဆောင်ရွက်ထားကြောင်း မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးသွင်ကိုကိုအောင်ထံမှ သိရသည်။
ကိုဇော်-ဟင်္သာတ