ထန်းတပင်မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ပေး

ထန်းတပင်(ပဲခူး) မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မိုးစပါးစိုက်ပျိုးမည့်​ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို စတင်ထုတ်ချေးပေးကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအား ကျေးရွာအုပ်စု(၃၅)အုပ်စုရှိ၊ လူဦးရေ (၃,၅၆၅)ဦး ဧက(၂၃,၅၀၀)အတွက် ထုတ်ချေးပေးရန်ငွေကျပ် သိန်း(၃၅,၂၅၀) အား ထုတ်ချေးရန်လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့တွင်​ အောင်ချမ်းသာရပ်ကွက်ရှိ တောင်သူ(၂၃)ဦး၊ ဧက(၁၂၀)အတွက် ချေးငွေကျပ်သိန်း(၁၈၀) ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ မိုးရာသီအတွက် မိုးစပါးချေးငွေထုတ်ချေးပေးခြင်းအတွက် တောင်သူများ စားဝတ်နေရေးအဆင်ပြေချောမွေ့စွာနေထိုင်နိုင်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မြို့နယ်(ပြန်/ဆက်)