ဖျာပုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လန်းသေဆေး(Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်

ဖျာပုံ မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ဖျာပုံမြို့နယ် အမှတ်(၁၄) ရပ်ကွက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လန်း သေဆေး (Abate)ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ခြင်းကို မေလ (၂၄)ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က အဆိုပါရပ်ကွက်အတွင်း လိုက်လံဆောင်ရွက်ကြသည်။

ထိုသို့သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လန်းသေဆေး (Abate)ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လိုက်လံဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မာစိုးနှင့် ဝန်ထမ်းများ၊ ဖျာပုံခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် အမျိုးသမီး စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ အမှတ်(၁၄)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် အမှတ် (၁၄)ရပ်ကွက် အတွင်း၊ နေအိမ်များရှိ အုတ်ကန်၊ ရေစည်၊ ရေထည့်သည့်ခွက်၊ ရေအိုးများအတွင်းသို့ ခြင်မဝင်နိုင်အောင် လုံခြုံစွာ ဖုံးအုပ်ထားခြင်း ရှိ/မရှိ၊ တိုက်ချွတ်ဆေးကြောခြင်းရှိ/မရှိ၊ဘုရားပန်းအိုး၊အလှပန်းအိုးများကိုတိုက်ချွတ်ဆေးကြောခြင်း၊ရေလဲခြင်း၊အုတ်ရေကန်ကြီးများ၊ရေလှောင်ကန်များအတွင်းပိုးလောက်လန်းတွေရှိ ပါ ပိုးလောက်လန်းသေဆေး (Abate)ဆေးခတ်ခြင်းများကိုလိုက်လံဆောင်ရွက်ကြပြီး၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် လည်းနေ့ရက်အလိုက် ကွင်းဆင်း၍ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ပိုးလောက်လန်းသေဆေး (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)