မယ်စဲ့မြို့နယ်၌ အခြေခံရှေးဦး သူနာပြုစုနည်း သင်တန်းဖွင့်လှစ်

မယ်စဲ့ မေ ၂၄

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက ကြက်ခြေနီ ဝတ်စုံဝတ်ကာအများ အကျိုးသယ်ပိုးဆောင်ရွက်သူများ၊ ဖြူစင်စိတ်နှလုံးရှိသူများကို မြင်ရသူတိုင်းက လေးစားချစ်ခင်ကြကြောင်း၊ လူသားထုကောင်းကျိုးအတွက် ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်းများအဖြစ် ဘက်ပေါင်းစုံမှ ဖေးမကူညီ ဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား / သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး ကြက်ခြေနီအသင်းခွဲမှ နည်းပြ ဦးလှအောင်ဖြိုးက စာတွေ့လက်တွေ့ဖြင့် ၃ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)