အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာ ​ရောဂါ ကာကွယ်​ဆေး ဒုတိအကြိမ် ​​​ကျေးရွာများသို့ ကွင်းဆင်းထိုးနှံ​ပေး

ဖား​ဆောင်း မေ ၂၃

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ခဲမဖြူ​ကျေးရွာရှိ  အမျိုးသမီးငယ်​လေးများအား သားအိမ်​ခေါင်းကင်ဆာ​ရောဂါ ကြိုတင် ကာကွယ်​စေရန် ရည်ရွယ်၍ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်​ခေါင်းကင်ဆာ ​ရောဂါ ကာကွယ်​ဆေး ဒုတိယအကြိမ် ​ကျေးရွာအ​ရောက် ကွင်းဆင်းထိုးနှံ​ပေးလျက်ရှိရာ ယ​နေ့ နံနက် (၈) နာရီက ခဲမဖြူ​ကျေးရွာရှိ ​​ကျေးလက်​ဆေး​ပေးခန်း၌ ထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

အဆိုပါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းလုပ်ငန်းတွင် မြို့နယ်ကျန်းမာ​ရေးဌာနမှ ဝန်ထမ်းများက မြို့​ပေါ်ရပ်ကွက်နှင့် ​ကျေးရွာအုပ်စုများရှိ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား ဒုတိယအကြိမ် သားအိမ်​ခေါင်းကင်ဆာ ​ရောဂါကာကွယ်​ဆေး ထိုးနှံ​ပေးခြင်းလုပ်ငန်းကို ​ဆောင်ရွက်ပြီး​နောက် မြို့နယ်သူနာပြု (၁)​ ဒေါ်သက်သက်​ထွေးက (HPV) ကာကွယ်​ဆေးထိုးနှံခြင်းဖြင့် သားအိမ်​ခေါင်းကင်ဆာ​ရောဂါကို ကာကွယ်​ပေးနိုင်​ကြောင်း၊ ကာကွယ်​ဆေးတစ်ကြိမ်နှင့် တစ်ကြိမ် (၁၂) လခြားပြီးမှ ဒုတိယအကြိမ် ထိုးနှံရ​ကြောင်း၊ သားအိမ်​ခေါင်းကင်ဆာ၏​ ရောဂါလက္ခဏာများ၊ သားအိမ်​ခေါင်းကင်ဆာဖြစ်ပွားပါက ​နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ​ရောဂါလက္ခဏာများ၊ (HPV) ပိုးကူးစက်ခံရပြီး သားအိမ်​ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် အ​​ကြောင်းအရင်းများစသည့် ကာကွယ်​ဆေးထိုးနှံ​ပေးမှု အ​ခြေအ​နေများကို အသိပညာ​ပေး​ ဟော​ပြောခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)