မယ်စဲ့မြို့နယ် Community Centre ၌ စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

မယ်စဲ့  မေ  ၂၃

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးစေရန် ရည်ရွယ်၍ စာဖတ်စွမ်းရည် ပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က ကျောင်းသား/ ကျောင်းသူများ အဖက်၊ အမှတ်၊ စွမ်းရည်တိုးတက်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်မှသည် နောင်တွင် စာပေဝါသနာပါသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး စကားလုံးပီသမှု၊ အသံထွက်မှန်ကန်မှု၊ အသံကြည်လင်ပြတ်သားမှု၊ အဖြတ်အတောက်တိကျမှု စသည့်အချက်များကို အကဲဖြတ်အမှတ်ပေး၍ ဆုရရှိသူများကို  မြို့နယ်ဦးစီးမှူးက ဆုများပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)