စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေး Talk Show ပြုလုပ်

ဒေးဒရဲ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ပြည်သူများ၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးမေးမြန်းခဲ့ရာ မြိုနယ်စားသုံးသူရေးရာ ဦးစီးဌာန(တာဝန်ခံ) ဦးသိန်းမောင်က စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်များ၊ အသိပေးတိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း