ရေးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်

ရေး မေ ၁၇

ပြည်သူများအ​နေဖြင့်  မီးဘေးအန္တရာယ်ကြောင့် အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးမှုများမရှိစေရန် ရေးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့သည် ယ​နေ့နံနက် ၁၁ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်မျိုးအောင်ရပ်ကွက်အတွင်း၌ တစ်အိမ်တက်ဆင်းကွင်းဆင်း စစ်ဆေးဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူများအနေနှင့် လျှပ်စစ်မီးကို စနစ်တကျ အသုံးပြုရန် ၊ လျှပ်စစ်ဝါယာကြိုးများ မီးပလပ်ပေါက်များ ဟောင်းနွမ်းနေပါက သက်ဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင်ထားရန်၊ မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့် ရှောင်ရန်/ ဆောင်ရန် အချက်များ၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများ၊ မီးသတ်ဆေးဘူးများ ထားရှိကြရန်၊ ထင်းမီးဖို အသုံးပြုသူများအနေဖြင့် မီးကြွင်းမီးကျန်များကို စနစ်တကျ မီးငြှိမ်းသတ်ကြရန်နှင့်  မီးသေချာစွာ ငြိမ်းသတ်မှု ရှိ/မရှိတို့ကို ဆေးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးသည် မီးလောင်မှုဖြစ်ပွားပါက ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ဆက်သွယ်​ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ရေး၊ ပြန်/ဆက်