ရေတာရှည်မြို့နယ်တွင် စာရေးဆရာချစ်ံနိုင် (စိတ်ပညာ) ၏ “ လူငယ်နဲ့အခွင့်အလမ်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်

ရေတာရှည် မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၁) နာရီအချိန်က စာရေးဆရာချစ်နိုင် ရေးသားသည့် “ လူငယ်နဲ့အခွင့်အလမ်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယစီးမှူး ဒေါ်ကြူကြူခိုင်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင်မောင်ဇွဲ​ပြည့်စုံက လူငယ်နဲ့အခွင့်အလမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မရွှေသဲဖြူမှ လူ့တန်ဖိုးကိုလည်းကောင်း (Book Club) အဖွဲ့၀င် မောင်မိုးဇော်က ကံကံရဲ့အကျိုးနှင့်သက်ကြီးစကား ကိုလည်းကောင်း တက်ရောက်လာသူများက ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေး ခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာတို့ကို ရရှိသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)