ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

နတ်မောက် မေ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ရန်အောင်မြင်ရပ်ကွက်သို့ သွားရောက်၍ စာအုပ်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

ထိုသို့ ငှားရမ်းရာတွင် ရုံးများရှိဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများမှ အားရဝမ်းသာစွာဖြင့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်သို့ လာရောက်ပြီး သုတ/ရသစာအုပ်များကို ငှားယူကြရာ တစ်ဦးလျှင် (၂)အုပ်နှုန်းဖြင့် နှစ်ပတ်တစ်ကြိမ် ငှားရမ်းပေးခဲ့သည်။ ယခုကဲ့သို့ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ သွားရောက်၍ ငှားရမ်းပေးခြင်းမှာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား  စာအုပ်စာစောင်များကို လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ပြီး  အသိပညာဗဟုသုတများ တိုးပွားလာစေရေးတို့အတွက် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်းသိရ သည်။

လှဝင်း