အုတ်တွင်း မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ အုတ်တွင်းမြို့နယ်ဘဏ်ခွဲ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို အဆိုပါရုံး၌စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအား ကျေးရွာအုပ်စု(၄၇)အုပ်စုရှိ လူဦးရေ(၂၅,၀၀၀)ဦး၊ ဧက(၄၄,၀၀၀)အတွက် ထုတ်ချေးပေးရန်ငွေကျပ်သိန်း(၆၆,၀၀၀/-)ထုတ်ချေးရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့တွင်ကြက်သွန်ခင်း(၂)ရပ်ကွက်ရှိ တောင်သူ(၁၄)ဦး၊ ဧက(၆၅)အတွက်ချေးငွေကျပ် ၉၇ ဒဿမ ၅ ထုတ်ချေးပြီးဖြစ်ပါကြောင်း သိရသည်။
၂၀၂၂ ခုနှစ်၊ မိုးစပါးချေးငွေထုတ်ချေးပေးခြင်းအတွက် တောင်သူများစားဝတ်နေရေးအဆင်ပြေချောမွေ့စွာနေထိုင်နိုင်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း မြို့နယ်မန်နေဂျာဒေါ်နီလာအောင်ထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)