ကျောက်ကြီးမြို့နယ်၌ Grade-8 သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်းဖွင့်လှစ်ပို့ချ

ကျောက်ကြီး မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၉ နာရီက မြို့နယ် ပညာရေးမှူးမှ ဦးဆောင်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Grade-8 သင်ရိုးသစ်ဆင့်ပွါးသင်တန်းကို အ.ထ.က ကျောက်ကြီးကျောင်းတွင် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအား နည်းပြ (၁၇)ဦး၊ ကြီးကြပ် (၃)ဦး၊ သင်တန်းမှူး (၁)ဦး၊ ရုံးအဖွဲ့ (၅)ဦးဖြင့် ပို့ချသင်ကြား ပေးလျက်ရှိပြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းများမှ သင်တန်းသား ဆရာ (၅၆)ဦး၊ ဆရာမ (၃၅၁)ဦး စုစုပေါင်း သင်တန်းသား (၄၀၇)ဦးအား မေလ (၁၆)ရက်မှ မေလ (၁၈)ရက်နေ့အထိ  နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိနှင့် ကာယပညာတို့ကို ပြန်လည်ပို့ချ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်