ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် ဆုတောင်းပြည့်မြို့နာမ်စေတီတော်၌ သံဃာတော်အရှင်သူမြတ်များအား မြို့လုံးကျွတ်ဆွမ်းဆန်တော်များ လောင်းလှူပွဲကျင်းပ

လွိုင်ကော် မေ ၁၅

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့)တွင် သံဃာတော်အရှင်သူမြတ်များအား မြို့လုံးကျွတ်ဆွမ်းဆန်တော်များလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ဆုတောင်းပြည့် မြို့နာမ်စေတီတော် ပရိဝုဏ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ဦးဆောင်၍ လွိုင်ကော်တပ်နယ်၊ ပြည်နယ်လွှတ်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ် ၁၉ ရပ်ကွက်မှစေတနာရှင်အလှူရှင် တိုင်းရင်းသား ပြည်သူများက ဆွမ်းဆန်တော်များ၊ ဝတ္ထုပစ္စည်းများကို လွိုင်ကော်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်း ၄၂ ကျောင်းရှိသံဃာတော်အရှင်သူမြတ် ၈၀၅ ပါးနှင့် သီလရှင်ကျောင်း ၄ ကျောင်းရှိ သီလရှင် ၈၀ ပါးတို့အား စုပေါင်းလောင်းလှူကုသိုလ်ပြုခဲ့ကြကြောင်းသိရသည်။

ကိုဇင်(လွိုင်ကော်)