ဘောလခဲ မေ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့မင်းကျောင်းတိုက် စိန်ရောင်ခြည်စေတီတော်ဝင်းအတွင်းတွင် (၃၁)ကြိမ်မြောက် စိန်ရောင်ခြည်စေတီတော် ဗုဒ္ဓပူဇနိယပူဇော်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားယနေ့နံနက် ၈နာရီအချိန်၌ကျင်းပခဲ့သည်။
အဆိုပါ အလှူတော်မင်္ဂလာအခမ်းအနားကို ဘောလခဲမြို့နေအလှူ့ ဒါယိကာ/ဒါယကာမအပေါင်း တို့ကစေတနာသဒ္ဒါတရား စိတ်ထက်တန်စွာဖြင့် သံသရာဝဋ်ဆင်းရဲမှ ကင်းလွှတ်ရာအမှန်မြတ် နိဗ္ဗာန်ကိုလည်းကောင်း၊ မြို့ရွာစည်ပင်သာယာဝပြောပြီး ဘေးအန္တာရာယ်အပေါင်းတို့မှ ကင်းဝေးစေခြင်းငှာ ကျက်သရေမင်္ဂလာရှိစေရန်ရည်သန်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော စိန်ရောင်ခြည်စေတီတော်(၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပရခြင်းဖြစ်သည်။
အဆိုပါပွဲတော်ကို (၁၂-၅-၂၀၂၂)မှ (၁၄-၅-၂၀၂၂)ရက်နေ့အထိကျင်းပခဲ့ပြီး ပင့်သံဃာတော်(၂၄)ပါးဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို စစ်ပျူဟာ(အခြေချ)ဘောလခဲ စစ်ပျူဟာမှူးဗိုလ်မှူးကြီးတင့်နိုင်ဝင်းနှင့် အရာရှိများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ အလှူ့ဒါယိကာ/အလှူ့ဒါယကာမများမြို့နေ ပြည်သူများ စုစုပေါင်းအလှူရှင်အင်အား (၅၀၀)ဦးခန့်ပါဝင် ကုသိုလ်ပြုနိုင်ခဲ့ကြကြောင်း သိရသည်။
ဘောလခဲ(ပြန်/ဆက်)