မယ်စဲ့ မေ ၁၃
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကကြီးကြပ် ဆောင်ရွက်နေပြီး ကာကွယ်ဆေးထိုးရက်များ သတ်မှတ်ကာ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့က ဟိုဂျစ်ကျေးရွာသို့ သွားရောက်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ဟိုဂျစ်ကျေးရွာမှ ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်သူများအား အပိုဆောင်းကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်း၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းနေပြင်ပနှင့် အသက် ၁၂ နှစ်အထက် ကျောင်းသား / ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)