ဖျာပုံ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြခြင်းဖြင့် စားသုံးသူများအနေဖြင့် ရိုးရှင်းသော သတင်း အချက်များ ရရှိစေရန် ရည်ရွယ်၍ ရုံးကြီးဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား ယမန်နေ့နံနက် (၁၀:၃၀) က ကွင်းဆင်း စစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်စစ်ဆေးရေးမှူး ဦးမိုးမင်းသန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများဖျာပုံမြို့နယ် ပြည်ထောင်စု စျေးကြီးအတွင်းရှိ စျေးဆိုင်များတွင် အခြေခံ စားသောက်ကုန်များ စျေးနှုန်းကြီးမြင့်ခြင်း မရှိစေရေး နှင့် စျေးကွက်အတွင်း Ajinomoto ဟင်းခတ် အချိုမှုန့်များ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးသူ ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရန် ပူးပေါင်းအဖွဲ့က အသိပညာပေး ရှင်းလင်းပြောကြား ခဲ့ကြကြောင်း သိရသည်။
လှလှနွယ်(ခရိုင်ပြန်/ဆက်)