မော်လမြိုင် မေ ၁၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်၏ဇနီး ဒေါ်စန်းစန်းလွင်နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းက သီလရှင်စာသင်တိုက်နှင့် တာင်ဝိုင်းဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်၀တ္ထုပစ္စည်းများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မွန်ပြည်နယ်၀န်ကြီးချုပ်ဇနီး ဒေါ်စန်းစန်းလွင်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမိုး၊အတွင်းရေးမှူး ဒေါ်မြသန်းနှင့်အဖွဲ့၀င်များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များနှင့်အတူ ဈေးကြိုရပ်ကွက်၊ ဥယျာဉ်လမ်းရှိ မင်္ဂလာဥယျာဉ်သီလရှင်ကျောင်းသို့ သွားရောက်ပြီး သီလရှင်ကျောင်း ပြုပြင်တည်ဆောက်ရန်အတွက် အလှူငွေ ကျပ်(၁)သိန်း ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ/ဖြူ စားသောက်ကုန်မျိုးစုံ၊ ဟင်းသီးဟင်းရွက်စသည့် လှူဖွယ်ပစ္စည်း တန်ဖိုးငွေကျပ် (၂၇၆၀၀၀)တို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်ပြီး တောင်ဝိုင်းဘိုးဘွားရိပ်သာသို့ သွားရောက်ပြီး အဘိုး/အဘွား(၃၈)ဦးတို့အတွက် ဆန် ၁ အိတ်၊ ဆီ ၁ ပုံးနှင့်တစ်နေ့တာ အာဟာရ တန်ဖိုးငွေ (၁၅၀၀၀၀)ကျပ်တို့ကို ပြည်နယ်၀န်ကြီးချုပ်ဇနီး ဒေါ်စန်းစန်းလွင်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်