သထုံမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေး

သထုံ မေ ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က သထုံမြိုနယ်အတွင်းရှိ ဆေးထိုးစုရပ်တို့၌ အပိုထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းနှင့် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သထုံမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမစုရပ်အပါဝင် ဆေးထိုးစုရပ်အသီးသီးတို့၌ အသက်(၄၀)နှစ်အထက်၊ ကာကွယ်ဆေး(၂)ကြိမ် ထိုးထားပြီး (၆)လပြည့်ပြီးသူများအား ထပ်ဆောင်း Booster doseနှင့် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ မထိုးနှံရသေးသူများ၊ အကြောင်းအမျိုးမျိုးကြောင့် ခရီးလွန်နေသူများ၊ ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်‌ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ရာ အဆိုပါနေ့၌ ဒေသခံပြည်သူ ၃၀၀ခန့်တို့အား ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(ပြန်/ဆက်)