ကြံခင်း မေ ၁၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ကြံခင်းမြို့နယ်ဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးနိုင်ရေးညှိ နှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် ချေးငွေစည်းကမ်းချက်များ ဆောင်ရွက်ရမည့် နည်းလမ်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားပါသည်။
ထိုနောက် တိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းမန်နေဂျာ ဦးအေးသိန်းမှ ၂၀၂၂ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာတွင် စည်းမျဉ်းများနှင့်အညီ ထုတ်ချေးပေးနိုင်ရေးနှင့် ချေးငွေများ ပြန်လည်ကောက်ခံရေးအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်မှ ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မှီ ပြန်လည်ပေးသွင်းနိုင်ရေးတွင် ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ထပ်မံထုတ်ချေးပေးမည့် ကျေးရွာများအား အုပ်ချုပ်ရေးအဖွဲ့များနှင့် ချေးငွေစိစစ်ရေးအဖွဲ့များမှ စိုက်ပျိုးတောင်သူများအား စိစစ်ချေးပေးနိုင်ရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တတ်ရောက်လာကြသော ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ချေးငွေစိစစ်ရေးအဖွဲ့ အတွင်းရေးမှူးတို့က စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရေး၊ စိုက်ပျိုးတောင်သူများအနေဖြင့် အခက်အခဲများနှင့် ချေးငွေစည်းကမ်းသတ်မှတ်ချက်များ၊ ကိုဗစ်-၁၉ အထူးချေးငွေ ပြန်လည်ပေးဆပ်နိုင်ရေး ကိစ္စများကို တတ်ရောက်လာသူများက မေးမြန်ခြင်းရာ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)