နတ်တလင်း မေ ၁၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade-5 မြို့နယ်အဆင့် (face to face)သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အ.ထ.ကနတ်တလင်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီချိန်က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။
မြို့နယ်အဆင့်သင်တန်းတွင် ဗဟိုအဆင့်(TOT-Online)သင်တန်းတက်ရောက်ခဲ့သော ဆရာ၊ ဆရာမနည်းပြ(၆၄)ဦးမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ ကာယပညာဘာသာရပ်များကို မေလ ၁၀ ရက်မှ ၁၃ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ ဆရာဆရာမများ (၉၂၃) ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းကို မြို့နယ်ပညာရေးမှူးနှင့်ဒုတိယမြို့နယ် ပညာရေးမှူးများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)