ခရိုင်ဘောလုံးအသင်းအားအောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားပြုလုပ်

ခန္တီး မေ ၁၁

၂၀၂၂ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ခန္တီးခရိုင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို မေလ ၁၁ ရက်နေ့နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးကအဖွင့်အမှာ စကားပြောကြားပြီး သွားရောက်ယှဉ်ပြိုင်ကစားမည့် အသက်(၁၉)နှစ်အောက် ခရိုင်အမျိုးသားဘောလုံးအသင်းနှင့် တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။ ထိုနောက်ခရိုင်ဘောလုံးအသင်းအား တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ထောက်ပံ့ငွေများပေးအပ်ကာ အောင်နိုင်ရေးအလံအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေးအပ်ရာ ဘောလုံးအသင်းအုပ်ချုပ်သူ လက်ထောက်ညွှန်ကြားရေးမှူး ဦးပြည်စိုးဦးမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)