မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေသည့် သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးသရုပ်ပြ

ပေါက်ခေါင်း    မေ   ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် နှစ်စဉ်စိုက်ပျိုးလျက်ရှိသော စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် မြေဆီလွှာများရှိ အာဟာရဓာတ်များ လျော့နည်းသွားလျက်ရှိရာလည်းကောင်း လိုအပ်အာဟာရဓာတ်များကို ဖြည့်ပေးရန် သဘာဝမြေဩဇာဖြစ်သော သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုး သရုပ်ပြခြင်းနှင့် တောင်သူများအတွက် မျိုးစေ့များပေးအပ်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က လေးကြီးကျေးရွာရှိ တောင်သူ ဦးတင်လှ၏ လယ်ယာမြေစိုက်ခင်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို တက်ရောက်လာသော လေးကြီးကျေးရွာအုပ်စုရှိ တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက သစ်စိမ်းမြေဩဇာ၏ အကျိုးရှိပုံနှင့် အသုံးပြုသည့် နည်းလမ်းများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တောင်သူဦးတင်လှ၏ လယ်စိုက်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တောင်သူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကို စုပေါင်းကြဲပက်စိုက်ပျိုခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်