ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဟင်နရီဒူးနန့်ရုပ်တုဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပန်းတောင်း မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီရုံးတွင် ကမ္ဘာ့ကြက်ခြေနီနေ့နှင့် ဟင်နရီဒူးနန့်ရုပ်တုဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားမစမီ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဆုတောင်းပြည့် စေတီတော်တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာခရိုင်ကြက်ခြေနီဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံကြက်ခြေနီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များကို မြို့နယ်ကြက်ခြေနီ ဥက္ကဋ္ဌမှ ဖတ်ကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးမှ ကမ္ဘာ့ကြက်ခြေနီနေ့ ဖြစ်ပေါ်လာပုံနှင့် မြို့နယ်အတွင်း ကမ္ဘာ့ကြက်ခြေနီနေ့ကျင်းပခြင်းနှင့် ရုပ်တုဖြစ်မြောက်ရေးအတွက် အလှူရှင်များကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် စံပြကြက်ခြေနီမြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦးမှ မိမိအတွေ့အကြုံများကို ပြန်လည်မျှဝေပေးခဲ့ပြီး မြို့နယ်အသီးသီး၏ ကြက်ခြေနီ များမှ မိတ်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။ ၂ / ၂၀၂၂ခုနှစ်ပန်းတောင်း မြို့နယ်ကြက်ခြေနီရှေးဦး သူနာပြုအခြေခံသင်တန်း၌ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ခရိုင် ကြက်ခြေနီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွှေတောင် / သဲကုန်း / နတ္တလင်း / ကြို့ပင်ကောက်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ / မြို့နယ်ကြက်ခြေနီ  တပ်ဝင်များ နာယကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)