ပဲခူးမြို့တွင် Grade- 5(သင်ရိုးသစ်)မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ပဲခူး မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  အခြေခံပညာကျောင်းများတွင် သင်ကြားပို့ချမည့် Grade-5 (သင်ရိုးသစ်) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၈:၃၀) နာရီက အ-ထ-က(၁) သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ Grade-5 (သင်ရိုးသစ်)မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး  တိုင်း‌ဒေသကြီး ပညာရေးမှူးရုံး တိုင်းညွှန်ကြားရေးမှူး ဦးစိုးလွင်က မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ Grade-5(သင်ရိုးသစ်) အလုပ်ရုံ‌ဆွေးနွေးပွဲကို ပဲခူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၁၀၅၉)ဦးတို့ တက်ရောက်ကြပြီး‌ ဆွေးနွေးပွဲအား မေလ(၁၀)ရက်နေ့မှ (၁၃)ရက်နေ့ထိ (၄)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးခရိုင်၊ ပြန်/ဆက်