ကျောက်ကြီး မေ ၁၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ဆားတန်းရပ်ကွက်၌ ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန်အတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အနေဖြင့် အဘိတ်ဆေးခတ်ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မိုးဦးရာသီအကြိုကာလ သွေးလွန်တုပ်ကွးရောဂါ ကာကွယ်ရေးအတွက် ပိုးလောက်လန်းများနှင့်ခြင်များ အလွယ်တကူ ပေါက်ပွားနိုင်သည့် ရေစပ်ရေအိုင်များ၊ ရေတွင်း၊ ရေကန်များ၊ ကြာရှည်သိုလှောင်ထိန်းသိမ်းထားနိုင်သည့် ရေပုံးများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကိုဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးအသိပညာပေး ပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်