သံတွဲ မေ ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက တစ်နိုင်ငံလုံး တစ်ပြိုင်နက်ဖွင့်လှစ်ခဲ့ရာ သံတွဲမြို့၌ အထက(ခွဲ)ငကျော်တောင်ကျောင်းနှင့် အထက(ခွဲ)မြို့မကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူများအားသင်ကြားပို့ချရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားနိုင်ရေးအတွက် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်Grede-5 ၏ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တ၊ ပြည်သူ့နီတိနှင့် ကာယပညာရပ်များကို မေ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းတွင် သံတွဲမြို့နယ်အတွင်းမှ မူလတန်းကျောင်းအုပ်၊မူလတန်းပြ၊ ဒုမူလတန်းပြ၊ လက်/ထောက်မူလတန်းပြ၊ တိုင်းရင်းသားဘာသာစာပေပြဆရာဆရာမများနှင့် အထွေထွေလုပ်သား စုစုပေါင်း (၄၀၉)ဦးရှိသည့်နက် (၈၈၂)ဦးသင်တန်းတက်ရောက်လျက်ရှိပြီး ပျက်ကွက်သူ (၂၂)ရှိကာ ဗဟိုနည်းပြသင်တန်းတက်ရောက်ပြီးသူ မူလတန်းကျောင်းအုပ်(၅၈)ဦးတို့က ဆင့်ပွားသင်ကြားပေးလျက်ရှိရာ သံတွဲမြို့နယ်ပညာရေးမှူးဒေါ်သိန်းတင်က သင်တန်းမှူးအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဒုတိယပညာရေးမှူး ဦးထွန်းထွန်းနိုင်နှင့် လက်ထောက်ပညာရေးမှူး နှစ်ဦးတို့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိရာ ဆင့်ပွားသင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိကြောင်း ဒုတိယပညာရေးမှူး ဦးထွန်းထွန်းနိုင်ထံမှ သိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)