မင်းလှ၌ အခြေခံပညာသင်ရိုးသစ် Grade-5 မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ်ပို့ချ

မင်းလှ မေ ၁၀

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပညာရေးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade-5 မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ်ပို့ချခြင်းကို အ.ထ.က မင်းလှ (မြိုပြင်)ကျောင်း၌ မေ ၁၀ ရက်နံနက် ၉ နာရီချိန်က စတင်ဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။

မြို့နယ်အဆင့် သင်တန်းတွင် ဗဟိုအဆင့် (TOT- Online) သင်တန်းတက်ရောက်ခဲ့သော ဆရာ/ဆရာမ နည်းပြ(၄၆)ဦးမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်များကို မေလ ၁၀ ရက်မှ ၁၃ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းများမှ သင်တန်းသား/သူ၊ ဆရာ/ဆရာမများ (၆၆၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ် ပညာရေးမှူးများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)