မင်းလှ မေ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်း ကလေးငယ်များ သွေးလွန် တုပ်ကွေး ရောဂါမဖြစ်ပွားစေရန်အတွက် ယမန်နေ့နံနက်ပိုင်းက သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဖြစ်သော ဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်း၊ သောက်ရေသုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာပေး ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)