ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပွဲ၊ စေတီတော်ကြီးလုံးတော်ပြည့်နှင့် အရံစေတီ (၅၁) ဆူ ရွှေသင်္ကန်းတော် ကပ်လှူခြင်း ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ပြည် မေ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်လှူပွဲ၊ စေတီတော်ကြီးလုံးတော်ပြည့်နှင့် အရံစေတီ (၅၁) ဆူ ရွှေသင်္ကန်းတော်ကပ်လှူခြင်း ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ   ဩဝါဒါစရိယဆရာတော်ကြီး ပါးတို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်လှူ ပူဇော်တော်မူကြသည်။

ထို့နောက် နမောတဿ ဗုဒ္ဓပဏာမဂါထာတော် သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ် ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့ ဝိသုဒ္ဒါရုံ ကျောက်တိုက် ကြီး၏ ဦးစီးပဓာနနာယက၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တနာဂဝံသ ဆရာတော်ကြီးထံမှ ဧည့်ပရိတ်သတ် အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်သူမြတ်များက

မေတ္တသုတ်၊ ရတနသုတ်နှင့် ပုဗ္ဗဏှသုတ်အစရှိသည့် ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္ဈာယ်ပေးတော်မူကြသည်။ ဆက်လက်၍ ဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျ ဂေါပကအဖွဲ့ဝင် ဦးကျော်ဝင်းက ဆရာတော်ကြီးများထံ သာသနာရေးဆောင်ရွက်မှု ဆိုင်ရာများ တင်ပြလျှောက်ထားသည်။

ယင်းနောက် တက်ရောက်လာသောဒေသကွပ် ကဲမှုစစ်ဌာနချုပ် (ပြည်) မှ ဒေသ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အောင်နိုင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကြည်အေး နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတိုးလှိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးထင်အောင်ဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်းတို့က ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ပြည်မြို့ ဝိသုဒ္ဒါရုံကျောက်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး က အနုမောဒနာတရားဖြင့် ရေစက်သွန်းချ အမျှပေးဝေတော်မူကာ  ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား () နှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်မြဲ သတ်မှတ်အစဉ်အလာဖြစ်ကြောင်း၊ ယခု ၂၀၂၂ ခုနှစ် ရွှေသင်္ကန်းကပ်လှူရာတွင် ရွှေဆိုင်းပေါင်း (၈၇၂၁) ဆိုင်းကပ်လှူပူဇော်ခြင်း ဖြစ်ကြောင်းနှင့် () လက်မပတ်လည် နှစ်ကျပ်သား ရွှေစင်ရွှေပြား (၂၈) ပြားကို စေတီတော်မြတ်ကြီး၏ ငှက်ပျောဖူးတော်နှင့် ကြာမှောက်၊ ကြာလန်တို့တွင် ကပ်လှူ ပူဇော်ကြောင်း၊ ယင်းရွှေစင်ရွှေပြားများ၌ အလှူရှင်များ၏ အမည်များရေးထိုး၍ အလှူရှင်တို့ ကြည်ညိုသဒ္ဓါ ပွားများနိုင်စေရန် ဓာတ်ပုံမှတ်တမ်း၊ ကမ္ဗည်းမှတ်တမ်း တို့ဖြင့် မှတ်တမ်းတင်ခဲ့ကြောင်း၊ စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှု၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဂေါပကအဖွဲ့များ ပါဝင်ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီဖြင့် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် အပြီးသတ် ဆောင်ရွက်နိုင်ခဲ့၍ ယနေ့အခမ်းအနားကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကိုဆက် (ပြန်/ဆက်)