ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဝါးခယ်မ မေ ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် ဒေါ်ပိုက်မိခန်းမတွင် ဖွင့်လှစ်သင်ကြားပို့ချကြောင်း သိရသည်။

 အခြေခံပညာ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲတွင် သင်တန်းတက်ရောက်လာသည့် ကျောင်းအုပ်ဆရာ/ဆရာမများကို စွမ်းရည်မြင့်မားရေးဆိုင်ရာ အကြောင်း အရာများ၊ စာရင်းအင်းဆိုင်ရာသင်ခန်းစာများ၊ အေခြခံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းလမ်းများ၊ မူဝါဒလမ်း ညွှန်ချက်များအစရှိသည့် သင်ခန်းစာများကို သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းသည် ကျောင်းအုပ်ကြီးများ အနေဖြင့် မိမိတာဝန်ကျရာ နယ်ပယ်အသီးသီးသို့ ပြန်လည်ရောက်ရှိချိန်တွင် လက်ဆင့်ကမ်းပြန်လည် သင်ကြားပို့ချနိုင်စေရန်၊ လုပ်ငန်းစွမ်း ဆောင်ရည်များ ပြည့်ဝစေ‌ရန်ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ ထက်/လယ်/မူ ကျောင်းအုပ်ဆရာ/ဆရာမ စုစုပေါင်း ၃၃၅ ဦးတက်ရောက်သင်ကြား၍ သင်တန်းပို့ချသူနည်းပြ ၅ ဦးမှ သင်ကြားပို့ချကြောင်း၊ သင်တန်းကို မေ ၇ ရက်နေ့မှ ၈ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချလျက်ရှိ‌ကြောင်း သိရသည်။

ဟိန်းထက်လင်း(ဝါးခယ်မ ပြန်/ဆက်)